| ရာသီဥတုဆိုး-၁ |
|
ချစ်သူတွေ အိပ်စက်နေကြတာ မနှိုးပါနဲ့ ... သူတို့တွေ ... “ကံဆိုးပြီ” ဆိုတဲ့အကြောင်း နည်းနည်းဖြစ်ဖြစ် နောက်ကျပြီးမှ သိရတာ ကောင်းတယ်။ သစ်ရွက်ကြွေသံတွေကလွဲလို့ ကြေကွဲမှုနဲ့ တိတ် ... ဆိတ် ... အလွမ်းတွေ အပြည့်အသိပ်နဲ့ ကိုယ့်ရင်ဘတ် ကိုယ်ပိတ်ထားတဲ့ စာသင်ခန်းတံခါးတွေ ရှိတယ်၊ ဟောဒီ မှန်ပြတင်းရဲ့ အပြင်ဘက်မှာ ပူပြင်း ပိုးစိုးပက်စက် သေနေတဲ့ နေ့လည်ခင်းတခုလည်း ရှိတယ် အဲဒီ နေ့လည်ခင်းကို နေ့လည်ခင်းကပဲ လောင်ကျွမ်းပစ်လိုက်တဲ့ပုံ ငါ ... ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင် တုန်လှုပ်မိ။ ဘုရား ... ဘုရား ... ငါ့အရိပ်တွေ ရှည်လျားလာတာကို ကြည့်ရင်း အထီးကျန်ခြင်းဆိုတာ တစ်ယောက်တည်း အသက်ရှူရင်း သေနေတာ ... လို့ သိလာတယ် ...။ ဟောဒီ နွေရာသီတစ်ခုလုံး ပုပ်သိုး ချစ်သူတွေ အိပ်စက်နေကြတာ သွားမနှိုးလိုက်ပါနဲ့၊ အတူတူ အသက်ရှူရတဲ့ တန်ဖိုးက ကမ္ဘာကြီးကို ပိုင်စိုးရတာထက် သာတယ် ...။ Feb 1999 |
