သူငယ်တန်း
Space
(၁)
“အချစ်” ဆိုတဲ့ စကားလုံးကို
ရေးတတ် ဖတ်တတ်တယ်ဆိုရုံလေး
        မင်းက သင်ကြားပေးလိုက်တယ်

(၂)
မကျွတ်မလွတ်နိုင်သေးတဲ့ အိပ်မက်ထဲမှာ
မင်းဘယ်တော့ အမျှဝေမှာလဲ ?

(၃)
လွမ်းနေရတာကိုက
အမှားကို နှစ်ကိုယ်ခွဲနေရသလိုပဲ၊

(၄)
ကတိဖျက်သူဟာ
ကတိပေးသွားတဲ့သူသာ ဖြစ်တယ်လေ ...။

Sept 2002