သစ်ပင်သေဂီတ
Space
Space(၁)
ဓားသွေးတဲ့အသံကို
ဂီတမဆန်ဘူးလို့ ဘယ်သူပြောမလဲ။

Space(၂)
သူလိုငါလို အသင်ရှူဖို့တောင်မှ
ခွင့်စာရေးပြီးတင်ခဲ့ရတဲ့ ဟောဒီ “သား” ကို
အမေက
            ဝဋ်နာကံနာတစ်ခုလို ချစ်ခဲ့တယ် ...
မေမေရေ ...
သားဟာ အမေ့အတွက်
လက်လွန်သွားတဲ့ ဒဏ်ရာ တစ်ခုပေါ့ ။

(၃)
အပွင့်တွေခူးဖို့ ခုတ်လှဲခံထားရတဲ့ ပိတောက်ပင်လို
            မေ့မေ့ကို မြင်မိတယ်
(အစကတည်းက ဒီလိုမှန်းသိရင်
သား ... မဖူးပွင့်ချင်ခဲ့ပါဘူး မေမေရယ်)

(၄)
“နာကျင်နေတဲ့ နှလုံးသားကို
ရှာဖွေရတာ အလွယ်ကူဆုံးပဲ” ... တဲ့
သစ်ခုတ်ဓါးဟာ
            အမေ့နှလုံးသားကိုပဲ
            “အလွယ်တကူ” ရှာဖွေထိုးစိုက်ခဲ့တော့တယ် ...

Dec 2004