| တယ်လီဖုန်း |
|
(တစ်ယောက်ကို တစ်ယောက်) နားမလည်တာလည်း မဟုတ်ဘဲနဲ့ ...။ ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကို တစ်ယောက် သံသယတွေ ဖြစ်နေကြတာလဲ ...? “ယုံကြည်ပါ” လို့ ပြောစရာ မလိုလောက်အောင် ယုံကြည်ထားခဲ့ရဲ့သားနဲ့။ ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကို တစ်ယောက် ဒေါသတွေ ဖြစ်နေကြတာလဲ ...? တို့နှစ်ယောက်ရဲ့ အချစ်ဟာ ကျိုးလွယ်ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ် ...။ ငါတို့ လုပ်နေကြပုံက တစ်ယောက်ခြေလှမ်းကို တစ်ယောက်က စောင့်ကြည့် အကဲခတ် နေကြပုံမျိုး ...။ ဒါ ... စစ်တုရင် ထိုးနေတာလည်း မဟုတ်ဘဲနဲ့ကွယ် ...။ မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပါ၊ ငါ လွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောမယ်၊ “ချစ်တယ်” ဆိုတဲ့ စကားလုံးကို မကြာခဏပြောဖို့ ... မနှမြောစမ်းပါနဲ့။ အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပဲ မင်းက ဘာစကားမှ မပြောဘဲ ဖုန်းကိုပိတ်ထားရင် ဘာမှ အသုံးမဝင်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့ ... ဘာထူးတော့မှာလဲ။ 23 Aug 2002
|
