 ဘဝကို တစ်ခါတစ်ခါ အပေါ်စီးက ငုံ့ကြည့်ရတော့လည်း သိပ်မဆိုးလှဘူးလို့ ထင်လာတယ်။
ဖျားနာမှုကိုမှ မစားသောက်ရင် တစ်နေ့တစ်နေ့ ဘာလုပ်ရမှာလဲ။
မြစ်ဘေးက သစ်ပင်လို သူများတွေ စီးဆင်းနေတာကိုပဲ ငေးကြည့်နေချင်ရဲ့။
ဒါမှမဟုတ် ပိုက်ဆံ တက်နိုင်တဲ့အခါကျရင် ရောဂါတစ်ခုခုရဲ့ နာမည်ကိုဝယ်ယူပြီး ကိုယ့်ကိုကိုယ် စိတ်ပူကြည့်နေချင်တယ်။
လူတွေက တစ်ခါတစ်ခါ လဆန်းလိုက် တစ်ခါတစ်ခါ လဆုတ်လိုက်နဲ့ သူတို့ရဲ့ စိတ်ဒီရေက အတက်အကျ ရှုပ်လွန်းတော့လည်း (ကိုယ့်သင်္ဘောကိုယ်) ဘယ်လို ခုတ်မောင်းရမယ်မှန်း မသိတော့ပြန်ဘူး။
“ချော်လဲရောထိုင် ကြေကွဲတတ်သူတွေ မလာရ” ငါ့ ဈာပနကို ငါ တစ်ယောက်တည်း ချမယ်။
လောလောဆယ်မှာ လိုလိုမည်မည် ငါ စဉ်းစားကြည့်နေမိတာကတော့ အခု တည်ခင်းတဲ့ ညစာကို နာမည် ဘယ်လိုပေးရင် ကောင်းမလဲ ဆိုတာကိုပဲ။
Oct 2000
|
Your are currently viewing: