စုန်းမ

Space
ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့ ...
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြုစားတတ်တဲ့ “ရွာသူ” ရေ ...။


ရင်ခုန်သံတွေကိုပဲ ခေါစာ ပစ်လိုက်တယ် ...
သခင်မ ... ပျော်ပါ ... ပါးပါ၊
            စားပါ... သောက်ပါ၊

မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်အမဲကိုလည်း
            အပြစ်က လွှတ်တော်မှုပါ။

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
            ပေးသနားတော်မှုပါ။

“တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး” ဆိုတဲ့
ဟောဒီက ငပျင်းအတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မှုပါ ...။

Sep 2003
Space

Space