| စိတ်နာသူမှတ်တမ်း |
|
သစ်ရွက်ပေါ် မိုးရေစက်လေး တစ်စက်ကျလာတဲ့ပုံ၊ ငါကတော့ ဟောဒါ မုတ်သုန်ရာသီပဲဆိုတာ … ယုံတယ်။ အချစ်ရဲ့ ကျေးဇူးတော် ဂုဏ်တော် အဆောင်အယောင်ကို လှောင်ပြောင်စော်ကားရဲတဲ့ ငါ့ရဲ့ အမိုက်မဲလေးရေ … ကိုယ်ဆိုတဲ့ ခပ်ညံ့ညံ့ငနဲက မင်းကိုလည်း ယုံခဲ့မိတာပေါ့ …။ အလွမ်းနှစ်တစ်ရာအထိ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ဦးမယ် … ကြေကွဲမူတွေ အကုန်လုံးကိုလည်း ခုံရုံးမှာ တင်ပြမယ် … ငါက ရှုံးပြီးသားမဟုတ်လား တရားခွင်ရဲ့ “အဆုံးအဖြတ်” ကို၊ ငါ မတောင်းဆိုပါဘူး၊ ကောင်မလေးရေ … မင်းပေးမယ့် “အရှုံးအမြတ်” ပဲလိုတယ် … ငါ့ကို အဆုံးသတ်ပေးပါတော့ကွယ် ...။ ဘယ်အရာကိုမှ မယုံကြည်တော့တဲ့အထိ အရာရာကို ယုံကြည်ခဲ့မိသူ တစ်ယောက်လေ … ချစ်သူကိုဆဲ ရေကူးနည်းပြတွေကို ဆဲ … နဲ့ (ဒီကောင် ...) ဘဝမှာ ခွေးကူးကူးရဲဖို့ပဲ လိုတော့တယ်။ Jun 1999
|
