လွမ်းလို့သေသွားတဲ့သစ်ပင်

Space
ကိုယ့်ဖာသာကို မိုးလင်းရ
ကိုယ့်ဖာသာကို မိုးချူပ်ရ ... နဲ့
အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ် ...
         မတောက်ပချင်ပါဘူးကွယ်
         ပြန် ... ပြန်မှောင်ရတာနဲ့ မကာမိလို့။


ကြာ ... လိုက် ... တာ ...
အလင်းတွေ အသက်ရူနေလိုက်ပုံက
(ဒါနဲ့ပဲ ...) သူမရဲ့ အပြုံးကိုမြင်ရဖို့
         နောက်ကျခဲ့ပြန်ရော ...။

ငါ့ကျောပေါ် ထမ်းထားရတဲ့ အလွမ်းကတော့
မင်းရဲ့ အမည်နာမကို
တမ်းတမ်းတတ ရေရွတ်တယ် ...။

ဖွတ်ထွက်တာတောင်မှ
တောင်ပို့မှန်း မသိခဲ့ပါဘူး၊
ဘဝကုး မကောင်းနိုင်တဲ့အထိတောင်
အသိဉာဏ်တွေ မှောင်ခဲ့
         (အဲဒီကောင်ဟာ...အသေအချာမှောင်ခဲ့၊
         အချစ်တွေ မဲ့ပြီဆိုရင်
         သွေးမခုန်ချင်တော့ပါဘူးလို့ ငြင်းတဲ့ကောင် ...)

နောက်သလို ပြောင်သလိုနဲ့
ငါ့ကိုလာချစ်သွားတဲ့ ကောင်မလေးရေ ...
         “အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ ...” တဲ့
         လွမ်းလို့သေသွားတဲ့ သစ်ပင်က
         အရွက်တွေကို ခြွေချပြီးပြောတယ် ...။

7 Nov 1998

 

Space