 ပန်းကြွေရင် မြေပေါ်ကျပေမယ့် ကြယ်ကြွေတဲ့အခါ ဘယ်သူ့ရင်ခွင်ပေါ်ကျသလဲ ...။
ငါကတော့ ဘီလူးမရဲ့ ရင်ခွင်မှာမှ ဆောင်းခိုခဲ့မိသူပါ ...။
မနေ့ကတင် အကောင်းကြီးရှိသေးတယ် ငါ ဘာကြောင့် အရောင်ကန်းသွားရတာလဲ ?
ဘီလူးမရေ ... အိမ်မက်ဆိုတာ ကိုယ့်စိတ်ကူးတွေက ကိုယ့်ကို ပြန်ပြောပြတဲ့ ပုံပြင်ပေါ့
မင်းရဲ့လက်သည်းခွံတွေကို အရောင်ခြယ်ဖို့အတွက် ငါဟာ ဆိုးဆေးတစ်ပုလင်း ဖြစ်ခဲ့ပါသလား။
ငါ့ကို (လက်သည်းဆိုးဆေးလို) ဆိုးလွယ် ဖျက်လွယ် သဘောမထားပါနဲ့၊ ငါ့အိပ်မက်တွေက မင်းကို ကျိန်ဆဲကြလိမ့်မယ်။
Dec 1991
|
Your are currently viewing: