ကက်တလောက်


စိုထိုင်း၊ မှောင်ပုပ်ပုပ်
ပင့်ကူအိမ် ရှုပ်ပွ
ရှုံ့တွပုံပျက် အခန်းပုကွကွထဲ
သူမ တွားသွား။
အဆုပ်နာရောဂါ ရှိတယ် ..
ကျင်ငယ်နံ့တွေကို စုပ်ယူထားတဲ့
အဝတ်စတစ်ခုရှိတယ် ..
မီးသွေးမှုန်စနဲ့ ပိုးဟပ်ချေးတွေ ရှိတယ် ..
သလိပ်လုံးထွေး၊ ခြောက်ကပ်၊
ဆံပင်ရှည်ရှည် အချပ်လိုက် ရှိတယ် ..
မြွေတစ်ကောင်လို
အစွန်းသိပ်မရောက်တဲ့ ကြောက်လန့်မှုနဲ့
အလင်းရောင် ရှိရာကို
သူမတိုးထွက်လာခဲ့ .. ။
္ဘကြွက်သေတစ်ကောင်ရဲ့ အပုတ်နံ့၊
စူးစူးရွားရွား ခြွေးလှောင်နံ့၊
လင်းနို့တွေရဲ့ အောက်သိုးသိုး အနံ့၊
ရှည်မျောမျော လေးထောင့်အခန်းဝရဲ့
ဒီဘက်ဘောင်ကနေ
ဟိုဘက်ဘောင်အထိ
လျှောက်သွားနေကြတဲ့ လူတွေကို
သူမ မြင်ရတယ်လို့ ဆိုပါတယ်။

1994

Facebook Comments