ဘူတာရုံနဲ့တူတဲ့ ကောင်မလေး 1


ဥသြဆွဲချင်ရုံ သက်သက်နဲ့တော့
ငါ့သံယောဇဉ်တွေ ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ … စောင့်ကြိုနေဖို့ စိတ်ကူးမရှိခဲ့တဲ့
ငါ့ရဲ့ ဘူတာရုံ ကလေးရေ …
… လွမ်းတယ်၊

အရမ်းကြီး မဟုတ်ပေမယ့် … တစ်ခါတစ်ခါ
ယောက်ျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲမဟုတ်လား၊

ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ်  …
ပြောပါ … မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ?
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ …
တိတ်တိတ်ကလေး ရပ်စောင့်နေတာ ကြာပြီလေ၊

ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ ကုန်တင်ကုန်ချ လုပ်ခွင့်မပြုတဲ့
မင်းရဲ့ ဘူတာရုံကလေးဆီ …
… လာမယ်၊

ဟောဒီကောင် … ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့်သံလမ်း ကိုယ်ဖောက်ခဲ့တာပါ …

နောက်ကျသွားတယ်

အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့အချိန်မှာမှ
ငါဆိုတဲ့ကောင်က
တည့်တည့်ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ် … ။

6 Nov 1998

Facebook Comments