Daily Archives: December 3, 2015


tank1600
(၁) ကျွန်တော်ဟာ “မမ” ရဲ့ နွားကလေးတစ်ကောင်ပေါ့၊ နစ် ချင်လွန်းလို့ ရေတိမ်တိမ်ကိုမှ လိုက်ရှာခဲ့တာပါ။ (၂) အဝေးပြေးလမ်းမကြီး တစ်ခုလုံး ရင့်မှည့်နေခဲ့ပြီ ကျွန်တော် … အိမ်ကို ဘယ်လို ပြန်ရမှာလဲ ? (၃) ငယ်ငယ်တုန်းက အတန်းထဲမှာ လက်လှဲပြိုင်ရင် အနိုင်ရချင်ခဲ့တဲ့ ကလေးလေးတစ်ယောက်ဟာ … ကျွန်တော်ပေါ့။ အခုတော့ … နွေရောက်ရင် သိမ်းဆည်းရတဲ့ အနွေးထည်လို ကိုယ့်ကိုယ်ကိုယ် လုံးထွေးပြီးတော့သာ ထိုးထည့်ထားလိုက်ချင်တော့တယ် (၄) အလွမ်းကို ဂြိုလ်စားကျွေး ငေးကြည့်ခြင်းနဲ့ပဲ ရေမီးပူဇော်ခွင့်ပြုပါ။ (၅) ကျွန်တော့်ကို အပြစ်မတင်လိုက်ကြပါနဲ့ဗျာ … ၊ မမြင်ဖူးတဲ့ လူ အတွက်တော့ “မူး” ကိုလည်း […]

ချာတိတ်ကလေး တစ်ယောက် အကြောင်း


africanight_1600
စိုထိုင်း၊ မှောင်ပုပ်ပုပ် ပင့်ကူအိမ် ရှုပ်ပွ ရှုံ့တွပုံပျက် အခန်းပုကွကွထဲ သူမ တွားသွား။ အဆုပ်နာရောဂါ ရှိတယ် .. ကျင်ငယ်နံ့တွေကို စုပ်ယူထားတဲ့ အဝတ်စတစ်ခုရှိတယ် .. မီးသွေးမှုန်စနဲ့ ပိုးဟပ်ချေးတွေ ရှိတယ် .. သလိပ်လုံးထွေး၊ ခြောက်ကပ်၊ ဆံပင်ရှည်ရှည် အချပ်လိုက် ရှိတယ် .. မြွေတစ်ကောင်လို အစွန်းသိပ်မရောက်တဲ့ ကြောက်လန့်မှုနဲ့ အလင်းရောင် ရှိရာကို သူမတိုးထွက်လာခဲ့ .. ။္ဘကြွက်သေတစ်ကောင်ရဲ့ အပုတ်နံ့၊ စူးစူးရွားရွား ခြွေးလှောင်နံ့၊ လင်းနို့တွေရဲ့ အောက်သိုးသိုး အနံ့၊ ရှည်မျောမျော လေးထောင့်အခန်းဝရဲ့ ဒီဘက်ဘောင်ကနေ ဟိုဘက်ဘောင်အထိ လျှောက်သွားနေကြတဲ့ လူတွေကို သူမ မြင်ရတယ်လို့ ဆိုပါတယ်။ 1994

ကက်တလောက်


Capture
(၁) ပန်းကြွေရင် မြေပေါ်ကျပေမယ့် ကြယ်ကြွေတဲ့အခါ ဘယ်သူ့ရင်ခွင်ပေါ်ကျသလဲ …။ (၂) ငါကတော့ ဘီလူးမရဲ့ ရင်ခွင်မှာမှ ဆောင်းခိုခဲ့မိသူပါ …။ (၃) မနေ့ကတင် အကောင်းကြီးရှိသေးတယ် ငါ ဘာကြောင့် အရောင်ကန်းသွားရတာလဲ ? (၄) ဘီလူးမရေ … အိမ်မက်ဆိုတာ ကိုယ့်စိတ်ကူးတွေက ကိုယ့်ကို ပြန်ပြောပြတဲ့ ပုံပြင်ပေါ့ မင်းရဲ့လက်သည်းခွံတွေကို အရောင်ခြယ်ဖို့အတွက် ငါဟာ ဆိုးဆေးတစ်ပုလင်း ဖြစ်ခဲ့ပါသလား။ (၅) ငါ့ကို (လက်သည်းဆိုးဆေးလို) ဆိုးလွယ် ဖျက်လွယ် သဘောမထားပါနဲ့၊ ငါ့အိပ်မက်တွေက မင်းကို ကျိန်ဆဲကြလိမ့်မယ်။ Dec 1991

ဘီလူးမရဲ့ဆောင်း